Home » » တရုတ်နိုင်ငံ နှင့် ဗုဒ္ဓဘာသာ သမိုင်း

တရုတ်နိုင်ငံ နှင့် ဗုဒ္ဓဘာသာ သမိုင်း



တရုတ်နိုင်ငံသည် ဧရိယာစတုရန်းမိုင်ပေါင်း 3705407 စတုရန်းမိုင်ကျယ်ဝန်းပြီး ကမ္ဘာ့ဧရိယာအကျယ်  အ၀န်းဆုံးအဆင့်မှာ အဆင့်၃ ဖြစ်သည်။2012 ခုနှစ် စာရင်းဇယားများအရ တရုတ်နိုင်ငံသည် 1350695000 (သန်းတစ်ထောင်သုံးရာငါးဆယ်ခြောက်သိန်းကိုးသောင်းငါးထောင်) လူဦးရေ ရှိပါသည်။

တရုတ်နိုင်ငံရှိ လူမျိုးများကို အောက်ပါအတိုင်းတွေ့ရသည် -

ဟန်တရုတ် 91.51 %

ဟန်တရုတ်လူမျိုးတွေက တကမ္ဘာ့အနှံ နိုင်ငံပေါင်း ၅၅ နိုင်ငံတွင်ရှိပြီး အများဆုံးမှာ တောင်ကိုးရီယားနိုင်ငံ 120750 အမေရိကန်နိုင်ငံ၊ အမေရိကန်နိုင်ငံ 71493 နှင့် ဂျပန်နိုင်ငံ 66159 ယောက်ရှိပါသည်။

တရုတ်နိုင်ငံရဲ့ တိုင်းရင်းသားများကို အောက်ပါအတိုင်း တွေ့ရှိရပါသည် -

English Name 2010 National Share 2010 Population

Han 91.6474 % 1220,844,520

Zhuang 1.2700% 16,926,381

Hui 0.7943% 10,586,087

Manchu 0.7794% 10,387,958

Uyghur 0.7555% 10,069,346

Miao 0.7072% 9,426,007

Yi 0.6538% 8,714,393

Tujia 0.6268% 8,353,912

Tibetan 0.4713% 6,282,187

Mongol 0.4488% 5,981,840

Dong 0.2161% 2,879,974

Bouyei 0.2153% 2,870,034

Yao 0.2098% 2,796,003

Bai 0.1451% 1,929,696

Korean 0.1374% 1,830,929

Hani 0.1246% 1,660,932

Li 0.1098% 1,463,064

Kazakh 0.1097% 1,462,588

Dai 0.0946% 1,261,311

She 0.0532% 708,651

Lisu 0.0527% 702,839

Dongxiang 0.0466% 621,500

Gelao 0.0413% 550,746

Lahu 0.0365%

ဆက်လက်ပြီးတော့ တိုင်းရင်းသား များမှာ Sui, va, Nakhi, Qiang, Tu, Mulao ,

Xibe, Kyrgyz, Daur, Jingpo , Maonan, Salar, Blang, Tajik, Achang,

Pumi, Ewenki, Nu, Gin (Vitenamese), Jino, De’ang, Bonan, Russian,

Yugur, Uzbek, Monba, Oroqen, Derung, Chinese Tatars, Hezhen, Lhoba,

Unrecognized, unknown

Religion in China (2010 survey)

Chinese ancestral worship (56.2%)

Chinese folk religions / Taoism (12.9%)

Taoism (0.8%)

Buddhism (excluding "triple refuge" (12.5%)

"triple refuge" Buddhism (1.3%)

Christianity (2.4%)

Islam (1.7%)

Non religious/Other (12.6%)

တရုတ်နိုင်ငံဟာ ကမ္ဘာ့ လူဦးရေး အများဆုံးဖြစ်ပေမယ့်ခုအခါ တစ်အိမ်ထောင်လျှင် တစ်ယောက်နှုန်းမွေးတဲ့ အစီအစဉ်တွေနဲ့ လူဦးရေ လျော့ချဖို့ အစီအစဉ်တွေလုပ်နေပါတယ်။

အောက်ပါအတိုင်း Target နဲ့ လျော့ချ သွားဖို့ စီစဉ်နေပါတယ်ခင်ဗျာ -

• 2020: 1,387,792,000

• 2030: 1,393,076,000

• 2040: 1,360,906,000

• 2050: 1,295,604,000

• 2060: 1,211,538,000

• 2070: 1,125,903,000

• 2080: 1,048,132,000

• 2090: 984,547,000

• 2100: 941,042,000
 
ဒီနေရာမှာ ဘင်္ဂလားဒေရှ်ကတော့ 2025 ခုနှစ်တွင် လူဦးရေး သန်း 198 သန်းရှိပါမည်။ ဒါက စကားချပ်ပါ။
မဇ္စျိမဒေသတွင် သိဒ္ဓတ္တမင်းသားအရွယ်ရောက်ချိန်ကာလက အတွေးအခေါ်ရှင် လောင်ဆူက ကိုယ့်ကျင့် တရားဆိုင်ရာ အတွေးအခေါ်များ ဟောကြားနေပြီဖြစ်သည်။ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်မပြုမီ ခုနှစ်နှစ် ခန့်က တရုတ်အတွေးအခေါ် ပညာရှင်ကွန်ဖူဇီဟုခေါ်သော ကွန်ဖြူရှပ်က ကိုယ်ကျင့်တရားကို ဆက် လက်ဟောပြောနေဆဲဖြစ်သည်။ 
ထိုအချိန်ကာလမှာပင် တရုတ်ပြည်သို့ ဗုဒ္ဓဘာသာရောက်ရှိလာခဲ့သည်။ဘီစီသုံးရာစုနှစ်ကရောက်ရှိခဲ့သည် ဟု အဆိုရှိသည်။ ရောက်ရှိလာသော လမ်းကြောင်းမှာ အရှအလယ်ပိုင်းရှိ ကူချာ၊ ခိုတန်(တာကစ္စတန်)စ သည့် အိုအေစစ်ဒေသများမှနေ၍ ဗုဒ္ဓဘာသာရောက်ရှိလာခဲ့သည်။အထောက်အထားများမှာ ယနေ့တိုင် အခိုင်အမာရှိနေဆဲဖြစ်သည်။ သီရိမဟာအသောကမင်းကြီး၏ စေလွှတ်သော ကိုးတိုင်းကိုးဌာန၏မဟာရက္ခိ တထေရ် သာသနာပြုခဲ့သော အဆက်ဖြစ်သည်ဟု ဆိုရပါမည်။

ဗုဒ္ဓစာပေရောက်ရှိလာမှု၏ အစောဆုံးအထောက်အထားမှ အေဒီ နှစ်ရာခန့်က တရုတ်ပြည်ချန်ဂန်မြို့တော် (ယခုရှီအန်းမြို့)တွင် ဘုရင်ပညာရှင်အဖွဲ့ ဗုဒ္ဓစာပေ သင်ကြားခဲ့မှုပင်ဖြစ်သည်။ တရုတ်ပြည်၏ ဒဏ္ဍာရီတွင် ပထမချင်းဆင်းဆက်လက်ထက်၌ရှီလီဖန်နှင့်ဘုန်းတော်ကြီး၂၇ပါးတရုတ်ပြည်သို့ရောက်ခဲ့ရာဘုန်းတော်ကြီး များကို တရုတ်ဘုရင်က ဖမ်းဆီးချုပ်နှောင်ထားစဉ် အရပ် ၁၆ပေအမြင့်ရှိ ရွှေအဆင်းရှိသော ပုဂ္ဂိုလ်တစ်ဦး ကရဟန်း၁၈ပါးကိုကယ်ထုတ်သွားခဲ့ဖူးကြောင်း၊ထိုအချိန်မှစ၍တရုတ်ပြည်တွင်ဗုဒ္ဓသာသနာသက်ဝင်ရောက် ရှိလာခဲ့ကြောင်း အဆိုရှိသည်။

တရုတ်ပြည်၌ ကိုးကွယ်သောဘာသာသည် ထေရ၀ါဒမဟုတ်၊ မဟာယာနဖြစ်သည်။ တရုတ်မှတ်တမ်းများ အရ သာသနာနှစ် ၃၂၇ ခုနှစ်က အိန္ဒိယ ရဟန်းတော်များသည် တရုတ်ပြည် ရှင်စီမြို့သို့ ဗုဒ္ဓတရားတော် များ ဟောပြောပို့ချရန် ရောက်ရှိချိန်မှ စခဲ့သည်ဟုလည်းဆိုသည်။ သာသနာနှစ် ၄၂၂ ခုနှစ်တွင် ထိုရဟန်းတော်များက ရွှေဆင်းတုတစ်ဆူကို တရုတ်ပြည်သို့ ပင်ဆောင်ခဲ့သည်။ သာသနာနှစ် ၆၀၀ခန့် တွင် အရှင်ကဿပမာတင်ဂသည် တရုတ်ပြည်သို့ကြွ၍ ပါဠိတော်များကို တရုတ်ဘာသာ ပြန်ပေးခဲ့သည်။


စီချွမ်ပြည်နယ် တာတူမြစ်၊ မင်မြစ်နှင့် ကျင်ယီမြစ် မြစ်သုံးစင်ဆုံရာ မြစ်ဆုံဒေသရှိ ကျောက်တောင်ကို ထွင်းထုထားသော ဥာဏ်တော် ၂၃၃ ပေမြင့်သော လီရှန် ဗုဒ္ဓရုပ်ပွားတော် (တန်မင်းဆက်ခောတ် အေဒီ
၉ ရာစုတွင်တည်ဆောက်ခဲ့သည်)အထက်ပါထူးဆန်းသည် ဖြစ်ရပ်ကိုပင် သာသနာနှစ် ၆၀၈ ခုနှစ် တပေါင်း လပြည့်ညတွင် မင်းကီအမည်ရှိ တရုတ်ဘုရင်ကြီးသည် ထူဆန်းသော အိမ်မက်ကို မြင်မက်ကြောင်း၊ အရပ်တော် ၁၆ ပေရှိ၍ ဦးခေါင်းတော်တွင် ရောင်ခြည်တော်စက်ဝန်း ထွန်းလင်းနေသော ပုဂ္ဂိုလ်တစ်ဦး သည် ရွှေသင်္ကန်းရုံလျက် မင်းကြီးရှေ့မှောက်သို့ ကြွရောက်လာသည်ဟု အိမ်မက်မြင်မက်ကြောင်း၊ ထိုအိပ် မက်နှင့်စပ်လျဉ်း၍ ပညာရှိ တရုတ်အမတ်ကြီးများက မဇ္ဈိမဒေသတွင် သဗ္ဗုညုတဘုရား ပွင့်ထွန်းပေါ်ပေါက် ခဲ့ကြောင်း၊ သာသနာနှစ်၁၀၀၀ နောက်တွင်တရုတ်ပြည်၌ဗုဒ္ဓသာသနာတော်ထွန်းလင်းမည်ဟုဗျာဒိတ်တော် ထားခဲ့ကြောင့် လျှောက်ထားရာတရုတ်ဘုရင်သည်ဗုဒ္ဓရှင်တော်မြတ်ဘုရားကိုပင့်ရန်အတွက်အနောက်ဘက် တိုင်းပြည်များသို့ တမန်တော်များ စေလွှတ်ခဲ့ကြောင်း၊ ခိုတန်ပြည်(တာကစ္စတန်နိုင်ငံ)သို့ရောက်သောအခါ အရှင်ကဿပမာတင်ဂ (မိုထင်)ကိုတွေ့၍ တရုတ်ပြည်သို့ ပင်ဆောင်ခဲ့ကြောင်း၊ဗုဒ္ဓပုံတော်ကိုပိတ်ဖြူထက် တွင် ရေး၍ ပိဋကတ်ကျမ်းစာများနှင့် အတူတကွ မြင်းဖြူထက်၌ တင်ဆောင်၍ ပင်ခဲ့ကြောင်း ဆိုသည်။

သာသနာနှစ် ၉၀၀ခန့်မှစ၍ တရုတ်ပြည်သူများသည်ဗုဒ္ဓဘာသာကျင့်ဝတ်များကိုအတိအလင်းစတင်လက်ခံ ကျင့်သုံးလာကြသည်။ တရုတ်ပြည် မြောက်ပိုင်းတွင် ဗုဒ္ဓကျောင်းများ ဆောက်လုပ်၍ လူဦးရေ ဆယ်ပုံကိုးပုံ က ဗုဒ္ဓဘာသာကိုးကွယ်ကြသည်။ ယင်းအချိန်က ဗုဒ္ဓ၀ါဒရောက်ကာစဖြစ်၍ ဂိုဏ်းကွဲများမရှိသေးချေ။ သာသနာနှစ် ၁၀ ရာစု၌ အိန္ဒိယပြည်သား ရဟန်းတော်များသည် တရုတ်ပြည်သို့ သာသနာပြု ကြွခဲ့ကြ၍
တရုတ်ရဟန်းတော်များလည်း အိန္ဒိယသို့ ပညာတော်သင်ကြွခဲ့ကြသည်။

တရုတ်ရဟန်းတော် ဖာစီယန်သည် ဂိုဘီသဲကန္တရကြီးကို အဖော်မပါ တစ်ယောက်တည်း ဖြတ်သန်း၍ အိန္ဒိယပြည်အေ၇ာက် ခြောက်နှစ်ကြာ ခရီးနှင်ခဲ့သည်။ အိန္ဒိယပြည်တွင် ခုနှစ်နစ်ကြာ ပညာသင်ကြားခဲ့ပြီး
ပိဋကတ်တော်များသယ်ဆောင်ခဲ့သည်။ အစောပိုင်းကာလက တရုတ်ပြည်သာသနာပြု ဘုန်းတော်ကြီးများ မှာ ယနေ့ တာဂျစ်စတ်နှင့် ကာဇက်စတန်နိုင်ငံတို့မှ သံဃ၀ါမန်နှင့် သံဃပါလ၊ ပထမဆုံးတရုတ်ဆုံး
တရုတ်ဘုန်းတော်ကြီးဖြစ်သည့်ဓမ္မရက္ခိတတို့ ဖြစ်သည်။သာသနာ့ဒါယကာချင်မင်းဆက်တန်ခိုးအာဏာနိမ့်ပါး လာချိန်တွင် မွန်ဂိုမင်းနှင့် တောင်ပိုင်း ဆွန်မင်းများက ဗုဒ္ဓသာသနာကို ဖျက်ဆီးကြသည် ။ 
မွန်ဂိုဘုရင်က ဆင်းတုတော်များကို ဖျက်ဆီး၍ ပိဋကတ်တော်များကို မီးတိုက်သည်။ ပြည်သူလူထုက မကျေနပ်သဖြင့် လူထုကို နှစ်သိမ့်စေရန် ဥာဏ်တော် ပေ ၅၀ မြင့်သော ကြေးဆင်းတုတော်ကြီးတစ်ဆူကို သွန်းလုပ်၍ ရွှေချပေးသည်။ သာသနာနှစ် ၁၁ ရာစုတွင် တရုတ်ပြည်၌ ကျောင်းတိုက်ပေါင်း ၁၃၀၀၀ ရှိ၍ မဟာယာန ဗုဒ္ဓဘာသာရွှေခောတ်ဟု ခေါ်ဆိုလောက်သည် ။ အေဒီ ၅၀၂-၅၅၀ လီယန်ဝူးတီမင်းလက်ထက် တွင် ဘုရားကျောင်းကန်အမြောက်အများ တည်ခြင်း ၊ ကိုယ်တိုင်သာသနာ ပြုခြင်းတို့ကို ပြုလုပ်သဖြင့် တရုတ်ပြည်၏ အသောကမင်းဟု တင်စားခံရသည်။

ပေကျင်းမြို့တော် လီကွမ်းဆီး ဗုဒ္ဓဘုရားကျောင်းတွင် ကိန်းဝပ်စံပါယ်တော်မူသော ဗုဒ္ဓစွယ်တော်မြတ်
1962 ခုနှစ်တွင် တရုတ်ပြည်အနောက်မြောက်ပိုင်း ကန်စုပြည်နယ်အတွင်းရှိ မိုင်ချီရှန်တောင်တန်းဒေသ ပင်လင်းစုဘုန်းတော်ကြီးကျောင်းအနီးမှ လွန်ခဲ့သည့် နှစ်ပေါင်း ၁၄၀၀ခန့်က လက်ရာဖြစ်သည့် ဗုဒ္ဓရုပ် ပွားတော်များကို ရှာဖွေတွေ့ရှိခဲ့သည်။ ဘုရားကျောင်းဆောင် 220 ပါဝင်သည့် ကျောက်လှိုဏ်ဂူ ၆၁ ခု အတွင်းမှ ကျောက်ဆင်းတု 2115 ဆူ တွေ့ရှိခဲ့သည်။

ဂူနံရံများတွင် ဆေးရေးပန်းချီများတွေ့ရှိခဲ့သည်။ ပီးကင်ရှိယန်ဟိုကွန်းလာမာကျောက်းတိုက်သည်အမြင့်ပေ 80 ခခန့်မြင့်သည့် နံသာတုံးနှင့်ထုလုပ်ထားသောအရိမေတ္တယျဘုရားလောင်းပုံတော်ကြောင့်ထင်ရှားကျော် ကြားသည်။ တရုတ်ပြည် ပီးကင်းမြို့တော်နှင့် ၁၅မိုင်ခန့်အကွာရှိ ၀က်စတင်းတောင်၏စွယ်တော်တိုက်တွင် ပူဇော်ထားရှိသည့် ဗုဒ္ဓမြတ်စွယ်တော်သည် ထင်ရှားကျော်ကြားသည့် ဗုဒ္ဓဓာတ်တော်ဖြစ်သည်။
ယင်းစွယ်တော်ကို တရုတ်ဘုန်းတော်ကြီး ဖာဆီယင်က (အေဒီ ၃၃၇ အေဒီ ၄၂၂)က လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ကျော်က တရုတ်ပြည်သို့ ပင်ဆောင်လာခဲ့သည်ဟု ဆိုသည်။ 
စွယ်တော်မူလဒါယကာများသည်ယနေ့ခောတ်ပါကစ္စတန်နိုင်ငံအတွင်းရှိဗုဒ္ဓဘာသာတိုင်းပြည်ငယ်တစ်ခုဖြစ်
သော ဂန္ဓာရတိုင်း၏ ဘုရင်များဖြစ်သည်။ ဂန္ဓာရတိုင်းမှ တစ်ဆင့် စွယ်တော်မြတ်သည် ခိုတန်( ယခုတရုတ်နိုင်ငံ စင်ကျန်းဝေဂါဟာပြည်နယ်တွင် ) သို့ ပင်ဆောင်ခဲ့သည်။ပါးစပ်သမိုင်းများအရ ခိုတန်ပြည် ဟက်ဇ်ရက်ဘဲလ် ရှေးဟောင်းဒေသ ရှိ ကျောင်းတော်တစ်ခုတွင် စွယ်တော်မြတ်ကိန်းဝပ်ခဲ့သည် ဟုသိရသည်။အိန္ဒိယနိုင်ငံကတ်ရှ်မီးယားဒေသမှဗုဒ္ဓဘာသာဝင်များသည်စွယ်တော်မြတ်ကိန်းဝပ်ရာကျောင်းတော် သို့ ဘုရားဖူးလာရောက်လေ့ရှိကြောင်းလည်းဆိုသည်။

ဘုန်းတော်ကြီးဖာဆီယန်နှင့်ဆွန်ဆင်တို့သည်လည်းအဆိုပါကျောင်းတော်သို့စွယ်တော်ကိုဖူးမြော်ရန် ရောက် ရှိခဲ့ကြောင်းသိရသည်။ ဤတွင် စွယ်တော်မြတ်ကိုဂန္ဓာရတိုင်းမှခိုတန်ပြည်သို့အဘယ်ကြောင့်ပင်ဆောင်ခဲ့ရ သနည်း ဟူသောအချက်ကို ဆန်းစစ်ရန် လိုပေမည်။ ဖြစ်နိုင်ဖွယ်အကြောင်းတရားနှစ်ရပ်ရှိသည်။တစ်ရပ်မှာ
ခိုတန်၊တာပန်းနိယာ၊လိုလင် နှင့်တာရင်မြစ်ဝှမ်းလွင်ပြင်ဒေသမှအိုအေစစ်နိုင်ငံများသည်အိန္ဒိယ(ဂန္ဓရ)နှင့်အ ဆက်ဆံရှိခဲ့ပြီးယင်းနိုင်ငံများအလုံးသည်လည်းထိုအချိန်ကဗုဒ္ဓဘာသာနိုင်ငံများ ဖြစ်ကြသည်ဆိုသည့်အချက်ဖြစ်သည်။
နောက်အကြောင်းတစ်ရပ်မှာ ဘုန်းတော်ကြီး ဖာဆီယန်၏ခရီးသွားမှတ်တမ်းများအရအိန္ဒိယတွင်ဗုဒ္ဓဘာသာ ၏ အရှိန်အ၀ါ ကျဆင်းလျက် ရှိပြီး ဟိန္ဒူအယူဝါဒများ အားကောင်းစ ပြုလာသည်ဆိုသည့်အချက်ဖြစ်သည်။ ထို့ကြောင့်ပင် အိန္ဒိယ (ဂန္ဓာရ)မှ စွယ်တော်မြတ်သည် ခိုတန်ပြည်သို့ ရောက်၇ှိကိန်းဝပ်ခြင်းဖြစ်သည်ဟု
ဆိုနိုင်ဖွယ်ရှိသည်။ယင်းနောက်ပိုင်းတွင် ခိုတန်ပြည်၌ ကိန်းဝပ်နေသော ဗုဒ္ဓစွယ်တော်မြတ်ကိုဘုန်းတော်ကြီး ဖာဆီယန်က နန်းကျင်းမြို့သို့ ပင်ဆောင်ပူဇော်ခဲ့သည်။

ဆွန်မင်းဆက်ခောတ် တရုတ်ပြည် တစ်ပြည်လုံး စုစည်းမိချိန်တွင်စွယ်တော်မြတ်သည် နန်ကျင်းမှ တစ်ဆင့် ရှန်စီပြည်နယ် စီအန်းသို့ ပြောင်းရွှေ့ကိန်းဝပ်ခဲ့သည်။ယင်းနောက် မင်းဆက်ငါးဆက် ကာလအတွင်း ဗုဒ္ဓစွယ်တော်မြတ်သည် တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းကိန်းဝပ်ကာ နောက်ဆုံးတွင် ယန်ကျင်းမြို့
(ယခုပေးကျင်း)သို့ ရောက်ရှိကိန်းဝပ်ခဲ့သည်။ အေဒီ ၁၀၇၁ ခုနှစ်တွင် ဗုဒ္ဓစွယ်တော်မြတ်ကို ပေကျင်းမြို့ လင်ကွမ်စီးကျောင်တော်အတွင်းရှိကျို့ရှမ်းစေတီ၌ဌာပနာ၍ပူဇော်ခံကြရာ၁၉၀၀ ပြည့်နှစ်ဗုဒ္ဓမြတ်စွယ်တော်ကို
လူသိရှင်ကြားပြန်လည်ဖော်ထုတ်ခဲ့သည်။ ဗုဒ္ဓမြတ်စွယ်တော်ကို ကျို့ရှမ်းစေတီ၌ နှစ်ပေါင်း ၈၃၀ မျှ ထိန်းသိမ်းစောင့်ရှောက်ခဲ့ခြင်းဖြစ်သည်။
 
ပေကျင်းမြို့ လီကွမ်းစီးကျောင်းတော်တွင် ကိန်းဝပ်တော်မူသော ဗုဒ္ဓမြတ်စွယ်တော်။

တရုတ်ရှေးဟောင်းဗုဒ္ဓအနုလက်ရာများ၊တရုတ်ပြည် သမိုင်း၌ ထင်ရှားသောအဆောက် အအုံနှင့်ရှုခင်း သာနေရာများတွင် ဗုဒ္ဓရုပ်ပွားတော်များဖြင့် နာမည်ကျော်ကြားသည့် နေရာအများအပြားရှိသည်။ `` ဗုဒ္ဓ တစ်ထောင်´´ ဟု အမည်ရသော နာမည်ကျော်ရှေးဟောင်း အထွတ်အမြတ်နေရာ၌ခရီးသွား ဧည့်သည် များအား ဗုဒ္ဓယဉ်ကျေးမှုကိုပြသထားသည်။ တရုတ်ပြည်၏ရွှန်းတင့်တောက်ပသည့်ဗုဒအနုပညာအနှစ်သာရ သည် လူအများအံ့အားသင်စေခဲ့သည်။

ကန်းစု

ကန်းစုဗုဒ္ဓတစ်ထောင်ရုပ်ပွားတော်လှိုဏ်ဂူသည်ကန်းစုပြည်နယ် မော်ကောင်းလှိုဏ်ဂူတွင်တည်ရှိပြီးတရုတ်ပြည် ၏ နာမည်အကျော်ကြားဆုံး ဗုဒ္ဓတစ်ထောင်လှိုဏ်ဂူဖြစ်သည်။ ယခုအခါ ကျောက်လှိုဏ်ဂူ ၄၉၂ ခု ကျန်ရှိပြိး ရောင်စုံရုပ်ပွားတော် ၂၄၅၁၅ ဆူရှိသည်။ နံရံပန်းချီ စတုရန်းမီတာ ၄၅၀၀၀ ရှိသည်။

ကန်စုပြည်နယ်မှ မော်ကောင်း ဗုဒ္ဓလှိုဏ်ဂူ

ကန်စုပြည်နယ်၏ အစဉ်အလာယုံကြည်မှုအရ အေဒီ 366 တွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး လီဆွန် က မော်ကောင်း ဗုဒ္ဓလှိုဏ်ဂူများကို ဖန်တီး ထုဆစ်ခဲ့သည်ဟု ဆိုသည်။

စင်းကျန်း

စင်းကျန်းဗုဒ္ဓတစ်ထောင်လှိုဏ်ဂူသည် ခေါကျိအယ်ဒေသတွင်တည်ရှိပြိးတရုတ်ပြည်စင်းကျန်း တောင်ဘက် ပိုင်းဒေသတွင် နယ်နမိတ်အကြီးဆုံး ကျောက်လှိုဏ်ဂူဖြစ်သည်။ အရှေ့ဟန်မင်းဆက် ခေတ် ကုန်ပိုင်း တွင် တည်ဆောက်ခဲ့ပြီး ကျောက်လှိုဏ်ဂူ စုစုပေါင်း ၂၃၅ခု ရှိသည်။တရုတ်ပြည်၏ အစောဆုံး ဗုဒ္ဓဘာသာ အနုပညာလက်ရာဖြစ်ပြီး အေဒီ ၃ရာစုမှ ၈ ရာစု သို့မဟုတ် ၉ ရာစုအထိ ထုဆစ်ခဲ့ဖွယ်ရှိသည်။)

ကျိနန်

ကျိနန် ဗုဒ္ဓတစ်ထောင်ရုပ်ပွားတော်တောင်သည် ကျိနန်မြို့တောင်ပိုင်းတွင်ရှိသည်။ပင်လယ်မြေမျက်နှာပြင် အမြင့် ၂၅၈ မီတာတွင် ရှိပြီး မြေအကျယ် ၁၆၆ ဟက်တာရှိသည်။ ယင်းသည် ကျိနန်မြို့ရှိ သမိုင်းဝင်ထင် ရှားသည့် ရှေးဟောင်းအဆောက်အအုံ နှင့်ရှုခင်းသာ နေရာများအလွန်များပြားသည်။ဗုဒ္ဓတစ်ထောင်
တောင်ခါးပန်းတွင်တည်ရှိသော ရှင့်ကော်ကမ္မဋ္ဌာန်းကျောင်းအတွင်းတွင် တာရှုံ့ခန်းမဆောင်၊ အရိမေတ္တ ယျဘုရား၊ ခန်းမဆောင်နှင့် တွေ့ဟွာဇရပ်ရှိသည်။ တောင်ဘက်စွန်းတွင်ဗုဒ္ဓတစ်ထောင်တောင် ကမ်းပါးရှိ သည်။ ဆွေမင်းဆက်ခောတ် ခိုင်ဟွမ်ဘုရင် လက်ထက် ဗုဒ္ဓရုပ်ပွားတော် ၁၃၀ ကျော် ကျန်ရှိသည်။ ဗုဒ္ဓ တစ်ထောင်တောင် မြောက်ဘက်တောင်ခြေတွင် ကျောက်လှိုဏ်ဂူကြီး လေးခုကိုတပေါင်းတစည်း ပေါင်းစည်း ထားသည့် ဗုဒ္ဓတစ်သောင်း ရုပ်ပွားတော် လှိုဏ်ဂူရှိသည်။ခရီးသွားဧည့်သည်များသည် မြောက်ဝေ့မင်း ဆက်ခောတ်၊ ထန်မင်းဆက်ခောတ်၊ စုန့်မင်းဆက်ခောတ်မှ ဗုဒ္ဓရုပ်ပွားတော်များကို ဤနေရာတွင်
ဖူးမြော်ကြည်ညိုနိုင်သည်။ကျိနန် ဗုဒ္ဓတစ်ထောင် ကျောက်လှိုဏ်ဂူ အေဒီ ၆၁၈ ခုနှစ် ၆၁၄ ခုနှစ်အကြား
တန်မင်းဆက် တွင် ဖန်တီး ထုဆစ်ခဲ့ဖွယ်ရှိသည်။

စီချွမ်

စီချွမ်ဗုဒ္ဓတစ်သောင်းတောင် ရုပ်ပွားတော်တောင်ကမ်းပါးသည် စီချွမ်ပြည်နယ် ကွမ်ယုမြို့တွင် တည်ရှိပြိး ဇီချွန်ပြည်နယ်အတွင်းမှ အတိုင်းအတာအကြီးဆုံးသော ကျောက်လှိုဏ်ဂူအစုအဖွဲ့ ဖြစ်သည်။ ကျောက်ေ ဆာင်ပေါ်ရှိ ဗုဒ္ဓရုပ်ပွားတော်ကို မြောက်ဝေ့မင်းဆက်ခေတ်တွင် စတင်ထုလုပ်ထားခြင်းဖြစ်သည်။ နှစ်ပေါင်း ၁၅၀၀ ကျော်ကာလက အမြင့် ၄၅ မီတာ၊ တောင်မြောက်၂၀၀မီတာ ကျော်ရှည်းလျားသည့် ချောက်ကမ်းပါး တွင် ဗုဒ္ဓရုပ်ပွားတော်များ အပြည့်ခင်းကျင်းထားပြီး ၁၃ ထပ်ရှိကာ ပျားအိမ်ပမာ ပြွမ်သိပ်နေသည်။ ချင်းမင်း ဆက်ခောတ် ရှင်းဖုန်းဘုရင် နန်းတက်နှစ် ၄ နှစ်(1854နှစ်)မှကမ္ပည်းကျောက်စာမှတ်တမ်းများအရ ချောက် ကမ်းပါးတစ်ခုလုံးတွင် ဗုဒ္ဓရုပ်ပွားတော် အဆူပေါင်း ၁၇၀၀၀ရှိသည်။ယခုအခါဗုဒ္ဓရုပ်ပွားတော်စင်400 ကျော် ရှိပြီး ဗုဒ္ဓရုပ်ပွားတော် အကြီးအသေး ၇၀၀၀ ကျော်ရှိသည်။

စီချွမ်ဗုဒ္ဓတစ်သောင်း တောင်ကမ်းပါး

(စီချွမ်ဗုဒ္ဓတစ်သောင်း တောင်ကမ်းပါးကို တန်မင်းဆက်ခောတ် အေဒီ 618 ခုနှစ် နှင့် 907 ခုနှစ်အကြား ထုဆစ်ပူဇော်ခဲ့သည်)

နန်ကျင်း

နန်ကျင်း ဗုဒ္ဓတစ်ထောင် ကမ်းပါသည်။ နန်ကျင်းမြို့ ကျိရှားတောင် ကျိရှားဘုရားကျောင်း အရှေ့ဘက်စွန်း တွင် တည်ရှိပြီး တောင်ပိုင်း ကျိမင်းဆက် ခေတ်တွင် စတင်ထွင်းထုခဲ့ခြင်းဖြစ်သည် ။ တောင်ကမ်းပါးနံရံ သည် အထက်အောက်ငါးဆင့်ရှိသည်။ ဗုဒ္ဓရုပ်ပွားတော်အကြီးအသေးအလိုက် ရုပ်ပွားတော် ၅ ဆူ ၆ဆူသို့မ ဟုတ်၇ဆူ၈ဆူကိုစင်တွင်ပူဇော်ထားပြီးဗုဒ္ဓတစ်ထောင်ကမ်းပါဟုခေါ်ဆိုခဲ့သည်။စင်စစ်မှာဗုဒ္ဓရုပ်ပွားတော်စင် မှ ၂၉၄ စင် နှင့်ဗုဒ္ဓရုပ်ပွားတော် ၅၁၅ ဆူသာရှိသည်။ ဗုဒ္ဓရုပ်ပွားတော်များကို သပ်သပ်ရပ်ရပ် ထွင်းထုထား ပြီး အလွန်သပ္ပါယ်သည်။ ချန်ကျန်းမြစ်တောင်ပိုင်းဒေသ ကျောက်ထွင်း အနုပညာ၏ သိမ်မွေ့သပ်ရပ်သည့်
သွင်ဟန်ကို ဖော်ပြထားပြီး ချန်ကျန်းမြစ်တောင်ပိုင်း ယွင်းကမ်းကျောက်လှိုဏ်ဂူ ဟုခေါ်တွင်ခြင်းခံရသည်။

နန်ကျင်းဗုဒ္ဓတစ်ထောင်တောင်ကမ်းပါး

နန်ကျင်းဗုဒ္ဓတစ်ထောင် တောင်ကမ်းပါးသည် ကျိရှားဘုရားကျောင်းအနီးတည်ရှိပြီး တောင်ပိုင်းကျိမင်း ဆက် အေဒီ ၇ ရာစု နှင့် ၁၀ရာစုအကြား ဗုဒ္ဓအနုပညာလက်ရာဖြစ်သည်။

စီချွမ်

စီချွမ် ဗုဒ္ဓတစ်ထောင်ရုပ်ပွားတော် ကျောင်းဆောင်သည် စီချွမ်ပြည်နယ် လော့စန်းမြို့ ကြာကျန်းခရိုင် ဗုဒ္ဓတစ်ထောင် ကျောက်ဆောင် ရှုခင်းသာဒေသ ချန်ယီမြစ် ၀ဲဘက်ကမ်း နဘေးမှ ကျောင်းနံရံပေါ်တွင်
တည်ရှိသည်။ စီတန်းထားသည့် ကျောင်းဆောင် ၂၀၀ ကျော်ပေါ်တွင် ဗုဒ္ဓရုပ်ပွားတော် ၂၄၀၀ ဆူ ထွင်းထု ထားခြင်းဖြင့် ဗုဒ္ဓတစ်ထောင် ကျောင်းဆောင် ဟုခေါ်တွင်ခဲ့ခြင်းဖြစ်သည်။ဗုဒ္ဓရုပ်ပွားတော်များ ကို ဆွေမင်း ဆက်ခောတ်တွင် စတင်ထွင်းထုပြီးထန်မင်းဆက်ခောတ်တွင်စည်ပင်ထွန်းကားကာမင်းမင်ဆက်နှင့်ချင်းမင်း ဆက်ခောတ်များထိတိုင်အောင် ဆက်လက် ထုဆစ်ပူဇော်ခဲ့ကြသည်။ ရုပ်ပွားတော်အကြီးမှာ ဥာဏ်တော် ၁၀ ပေ ရှိပြီး အသေးမှာ တစ်ပေပင်မရှိပေ။ ညီညီညာညာ စီတန်းထားကာ သွင် ဟန်စုံလင်ပြီးသပ္ပါယ်လှ သည်။

ကွမ်တုန်း

ကွမ်တုန်းဗုဒ္ဓတစ်ထောင်ရုပ်ပွားတော်သံစေတီသည်ကွမ်တုန်းပြည်နယ် မေကျို့မြို့တွင်တည်ရှိပြီး တောင်ဟန် မင်းဆက်ခောတ်တာ့ပေါင်းဘုရင်နန်းတက်နှစ်၈ နှစ်(965ခုနှစ်)တွင်စတင်တည်ဆောက်ခဲ့သည်။ စေတီတော် သည် ဥာဏ်တော် ၄ဒဿမ ၂ မီတာ နှင့် အကျယ် ၁ ဒဿမ ၆ မီတာဖြစ်ပြီး လေးထောင့်ပုံစံဖြစ်သည်။ မျက်နှာပြင်တစ်ခုစီတွင် ဗုဒ္ဓရုပ်ပွားတောအကြီး အသေး ၂၅၀ ဆူရှိပြီး မျက်နှာပြင် လေးခု ပေါင်းလိုက်သော
ဗုဒ္ဓတစ်ထောင်ဖြစ်သွားသည်။ နောက်ပိုင်းတွင် ပျက်စီးသွားသည်။ ချင်မင်းဆက်ခောတ် ချင်လုံမင်းနန်း တက်နှစ် ပထမနှစ်တွင် မေကျို့ မြို့အရှေ့ဘက် ဆင်ခြေဖုံး တောင်ပေါ်သို့ ရွှေပြောင်းခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် ဖူထုံးစေတီဝင်းထဲသို့ ရွှေ့ပြောင်းထိန်းသိမ်းခဲ့သည်။ နောက်ပိုင်းတွင် ပြည်တွင်းပြည်ပပုဂ္ဂိုလ်များ ၏ကူညီထောက်ပံ့မှုကိုရရှိခဲ့ပြီး၁၉၉၃ခုနှစ်တွင်အဓိက စေတီကို ဆောက်လုပ်ပြီးစီးခဲ့သည်။
စေတီဥာဏ်တော် မှာ 36 မီတာ ဖြစ်သည်။ တစ်ခုလုံးကို နှမ်းဖက်ကျောက်ဖြင့်ဖွဲ့စည်း တည်ဆောက်ထား သည်။ စုစုပေါင်း ကိုးထပ်ရှိသည်။ ပြန်လည်မွမ်းမံထားသော ပထမဆုံးအထပ်မှာဗုဒ္ဓတစ်ထောင်ရုပ်ပွားတော် သံစေတီကို တည်ထားခြင်းဖြစ်သည်။ နှစ်ထပ်မှ ရှစ်ထပ်ထိ အတွင်း နံရံများတွင် စကျင်ကျောက် ဗုဒ္ဓရုပ် ပွားတော် ၁၀၀၀ ထုလုပ်ထားသည်။ ကိုးထပ်မြောက်တွင် ရွှေချထားသည့် ဗုဒ္ဓရုပ်ပွားတော်ကို ပူဇော်ထား သည်။ စေတီထိပ် တွင် ခုနှစ်ထပ်ပုံစံ ကျောက်စေတီလေး တည်ထားသည်။ စေတီတွင် စုစုပေါင်း ရုပ်ပွားတော် ၃၀၀၀ ၇ှိကာ စေတီအတွင်းတွင်ရှိသည့် စေတီအပေါ်တွင် စေတီရှိသည့် ပုံစံမျိုး ဖွဲ့စည်း ထားသည်။ သံဖြင့် ထုလုပ် ထားသည့် ဗုဒ္ဓရုပ်ပွားတော်၊ စကျင်ကျောက်ဖြင့် ထုလုပ်ထားသည့် ဗုဒ္ဓရုပ် ပွားတော်၊ ဗုဒ္ဓရုပ်ပွားတော်များ သည် စေတီတော်တစ်ဆူထဲတွင် အတူတူ ပူဇော်ထား ပြီး မေကျို့မြို့ ၏ ပြောင်မြောက်သော လက်ရာတစ် ရပ်ဖြစ်လာသည်။

ယခုအခါ ဗုဒ္ဓဘာသာ အင်အား တဖြည်းဖြည်းနည်းပါလာနေပါပြီမူဆလင်တွေကလည်း တဖြည်းဖြည်းနဲ့ စီမံကိန်းများနှင့် တရုတ်ပြည် ကိုအစ္စလာမ်ဇာတ်သွင်းဖို့ ကြံစည်လျှက်ရှိပါတော့သည်။ တရုတ်အစိုးရ အနေဖြင့်လည်း အဲဒီအကြမ်းဖက်တာတွေကို တုန့်ပြန်ဖို့အတွက် ဘတ်ဂျတ် အလုံအလောက်နဲ့ ကာကွယ် ဖို့ပြင်နေပါပြီ။ကုလားနဲ့ တရုတ် ဘယ်လိုဇာတ်သိမ်းမလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ကြပါ စို့ဗျာ။
 
 
 
 FROM-HANMYO MON
 

0 blogger-facebook:

Post a Comment